Skip to main content

Command Palette

Search for a command to run...

JavaScript Array Clean Sheet

Published
2 min read
JavaScript Array Clean Sheet
P

Computer Science Student from Myanamar.

ဒီ methods တွေဟာ Project တိုင်းလိုလိုပါဝင်တဲ့ JavaScript ရဲ့ build-in methods တွေပဲဖြစ်ပါတယ်။ မဖြစ်မနေသိထားသင့်ပါတယ်။

forEach()

Array တစ်ခုမှာရှိတဲ့ items တွေကို Loop ပတ်စေချင်တဲ့အခါ သုံးတယ်။

(traditional for loop ထက် ပိုရှင်းလင်း)

1.png

ဘယ်လိုနေရာတွေမှာ သုံးသလဲ?

Array ထဲက items တွေကို loop ပတ်ပြီး ဖော်ပြချင်တယ်ဆိုပါစို့။

2.png


includes()

Array တစ်ခုမှာ ကိုယ်ရှာချင်တဲ့ item ရှိမရှိ စစ်တဲ့အခါသုံးတယ်။

1.png

ဘယ်လိုနေရာတွေမှာ သုံးလို့ရသလဲ?

Item တစ်ခု ကို Array ထဲ ထည့်ချင်တယ် ဆိုပါစို့။ ဒါပေမဲ့ ရှိပြီးသား item ဆိုရင် ထပ်မထည့်ချင်တဲ့အခါမျိုးမှာ သုံးနိုင်တယ်။

2.png

Value 4 က arr ထဲမှာ မရှိမှ ထည့်မယ့် ပုံဖြစ်ပါတယ်။


filter()

Array တစ်ခုမှ လိုချင်တဲ့ items တွေကိုပဲစစ်ပြီး ဆွဲထုတ်ချင်တဲ့အခါသုံးတယ်။

1.png

ဒါကတော့ even numbers တွေကို ဆွဲထုတ်လိုက်တာပါ။ return အနေနဲ့ကတော့ array ရပါတယ်။

ဘယ်လိုနေရာတွေမှာ သုံးသလဲ?

2.png

ဒါကတော့ price 2000 ထက် ကျော်တဲ့ items တွေကို စစ်ထုတ်လိုက်တာပါ။


map()

Array တစ်ခုက items တွေကို update လုပ်ချင်တဲ့အခါ သုံးတယ်။

1.png

Array ထဲက item တခုချင်းစီကို 2 ဆ တိုးပြီးယူလိုက်တာပါ။

ဘယ်လိုနေရာတွေမှာ သုံးလို့ရသလဲ?

2.png

ဒါကတော့ salary 30000 တွေကို 5000 စီတိုးပေးလိုက်တာပါ။


reduce()

Array တစ်ခုမှာရှိတဲ့ items တွေရဲ့စုစုပေါင်း တန်ဖိုးရှာတဲ့အခါ သုံးပါတယ်။

1.png

ဘယ်လိုနေရာတွေမှာ သုံးသလဲ?

2.png

ဒါကတော့ array ထဲရှိ Salary value တွေ အားလုံးပေါင်းလိုက်တာပါ။


some()

Array ထဲက items တွေထဲမှ အနည်းဆုံး item တခုက condition မှန်ရင် return true ပြန်ပါတယ်။

1.png

ဒါကတော့ array ထဲမှာ even number အနည်းဆုံးတစ်ခုရှိနေလို့ true ပြန်တာပါ။

ဘယ်လိုနေရာတွေမှာ သုံးသလဲ?

Array ထဲမှာ ကိုယ်လိုချင်တာ အနည်းဆုံး ၁ ခုရှိမရှိ ရှာချင်တဲ့အခါသုံးပါတယ်

2.png

ဒီလိုမျိုး Array ထဲမှာ gender value female ပါလားမပါလား ဒီနည်းနဲ့ သိနိုင်ပါတယ်။


every()

Array ထဲက items အကုန် condition မှန်မှ return true ပြန်ပါတယ်။

1.png

Array ထဲက items အားလုံး even number မဟုတ်တဲ့အတွက် false ဖြစ်တာပါ။

ဘယ်လိုနေရာတွေမှာ သုံးသလဲ?

2.png

Result1 ရဲ့ conditon က အသက် ၂၀ ကျော်လို့ စစ်ထားတဲ့အတွက် arr ထဲကသူအားလုံးက ၂၀ ကျော်ပါတယ်။ ဒါကြောင့် return က true ပါ။

Result2 ရဲ့ condition က အသက် ၂၁ ကျော်လို့ စစ်ထားတဲ့အတွက် arr ထဲမှာ အသက် ၂၀ တစ်ယောက်ရှိပါတယ်။ ဒါကြောင့် return က false ပါ။


sort()

Array ထဲက Items တွေကို sorting (ascending/descending) လုပ်တဲ့အခါမှာ သုံးတယ်။

1.png

Explanation

.sort(a,b) မှာ a ကို first number ၊ b ကို second number လို့ မှတ်ယူပါ။

? ကတော့ ternary operator ပါ (if else နဲ့ တူပါတယ်) (a > b) ? 1 : -1 ဆိုတာက a က b ထက်ကြီးရင် 1 ကို return မှာ ဖြစ်ပြီး မဟုတ်ရင်တော့ -1 ကို return မှာပါ။

1 ကို return ရင် နေရာချိန်းမယ်ဆိုတဲ့ သဘောဖြစ်ပြီး -1 ဆိုရင်တော့ နေရာမချိန်းဘူး ဆိုတဲ့ သေဘာပါ။

ဆိုလိုရင်းက အရှေ့ကိန်းက အနောက်ကိန်းထက်ကြီးရင် နေရာလဲမယ်သဘော ဖြစ်တဲ့အတွက် ငယ်စဥ်ကြီးလိုက် အနေအထားကိုဖြစ်သွားစေပါတယ်။

ကြီးစဥ်ငယ်လိုက်လုပ်ရင်လည်း အနေအထားကို ပြောင်းပြန်ယူဆလိုက်ရင်ရပါပြီ။

ဘယ်လိုနေရာတွေမှာ သုံးသလဲ?

2.png

ဒီလိုမျိုး salary အများကနေအနည်းစီတဲ့ အခါမျိုးတွေမှာ သုံးနိုင်ပါတယ်။

More from this blog

Quantum Computer

ယနေ့ခေတ်သုံး Classical Computing နည်းပညာတိုးတက်လာတာနဲ့အမျှ Computer ဆိုတာနေ့စဥ်ဘဝတွင်မပါမဖြစ်တဲ့ အရာတစ်ခုလိုဖြစ်လာပါပြီ။ ယနေ့ခေတ် Classical Computer တွေက ဘယ်လိုအလုပ်တွေကို ဘယ်လောက်မြန်မြန်လုပ်ပေးမှာလဲ။ အခုကျွန်တော်တို့သုံးနေကြတဲ့ Digital Computer တ...

Feb 6, 20233 min read
Quantum Computer

Why UniCode?

ကျွန်တော်တို့ ယူနီကုဒ် ဘာကြောင့် သုံးသင့်တာလဲ အရင်မပြောခင် What is Unicode? ဆိုတာလေး အရင်ပြောပြပါမယ်။ (ယူနီကုဒ်ဘယ်လို ပြောင်းရလဲ ပြောမှာတော့မဟုတ်ဘူး ယူနီကုဒ် နဲ့ ပတ်သတ်တဲ့ Knowledge တွေပဲပြန် share မှာပါ)​ What is Unicode? Unicode ဆိုတာ Internationa...

Feb 6, 20234 min read
Why UniCode?

Why Physics is important for Computer Science?

Computer University တွေမှာ Physics ဘာသာရပ်ကို ဘာကြောင့်သင်ကြားရတာလဲ ပတ်သတ်ပြီး ကွန်ပျူတာကျောင်းသားတချို့မှာ မေးခွန်းတွေရှိနေပါတယ်။ အဲ့ဒီမေးခွန်းရဲ့အဖြေနဲ့ ဘာကြောင့် Physics ကို Information Technology ရဲ့ဘယ်နေရာတွေမှာ အသုံးချလဲဆိုတာ အမြင်လေးနည်းနည်း s...

Feb 6, 20234 min read
Why Physics is important for Computer Science?

Popular Mobile Hybrid Apps

Hybrid application ဆိုတာ ဘာလဲ Hybrid applications တွေအကြောင်းမပြောခင် လက်ရှိလူသိများတဲ့ Front-end application (mobile) အကြောင်းနည်းနည်း ပြောချင်ပါတယ်။ လက်ရှိ application development​ တွေထဲမှာ ရှိတာတွေကတော့ Native app, Web app, Hybrid app ဆိုပြီးတော့...

Feb 6, 20237 min read
Popular Mobile Hybrid Apps

String in Java

String ဆိုတာ character ‌‌‌တွေအတွဲလိုက် စုဝေးထားတဲ့ Object အမျိုးအစားတစ်ခုပါ။ Java မှာရှိတဲ့ String ဟာ int, float, char နဲ့ boolean ‌‌တွေလို Primitive type မျိုး မဟုတ်ပါဘူး။ အခြေခံအားဖြင့် char array တစ်ခုက String တစ်ခုရဲ့ အလုပ်လုပ်ပုံနဲ့တူပါတယ်။ Str...

Feb 6, 20232 min read
String in Java

Phyo Wai Nyunt's blog

7 posts

JavaScript Array Clean Sheet