Skip to main content

Command Palette

Search for a command to run...

String in JavaScript

Updated
3 min read
String in JavaScript
P

Computer Science Student from Myanamar.

JS မှာ Strings တွေကို ဆရာကျကျ ဘယ်လိုရေးမလဲ?

Web technology ကို စလေ့လာမယ်ဆိုရင် အခြေခံဖြစ်တဲ့ HTML, CSS နဲ့ JavaScript ကတော့ ကျော်သွားလို့မရတဲ့ Technologies တွေပါပဲ။

1344866_5c41.jpg

HTML (HyperText Markup Language)

HTML ကို အခြေခံအားဖြင့် Web page တွေတည်ဆောက်ဖို့အတွက် အသုံးပြုပြီး Web design တစ်ခုဖန်တီးဖို့အတွက် လိုအပ်တဲ့ Layout ၊ Color ၊ Font စတဲ့ အပြင်အဆင်တွေကိုတော့ CSS (Cascading Style Sheets) ကို အသုံးပြုပြီး လုပ်ရပါတယ်။

FB_IMG_1453990987432.jpg

(ဗဟုသုတတစ်ခုအနေနဲ့ ပြောချင်ပါတယ်)

HTML ဆိုတာ Programming language တစ်ခုမဟုတ်ပါဘူး၊ သူဟာ Markup language တစ်ခုပဲဖြစ်တယ်၊ Markup language ဆိုတာ ကိုယ်ဖော်ပြချင်တဲ့ documents တွေ text တွေကို tags တွေကြားမှာရေးရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ Human-readable လည်းဖြစ်တဲ့အတွက်ကြောင့် Programminng Languages တွေထက်နားလည်ဖို့ လွယ်ကူပါတယ်

 <body> Hello HTML </body>

Web design တစ်ခုဖြစ်ဖို့က HTML နဲ့ CSS ကိုပဲ သုံးပြီးလုပ်နိုင်ပေမယ့် Business Logic တွေပါတဲ့ Web application တစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင် JavaScript ကတော့ မပါမဖြစ်တဲ့ Scripting Language အမျိုးအစားထဲက Programming Language တစ်ခုဖြစ်ပါတယ်။ အခုမှစပြီး JavaScript ကို စလေ့လာချင်တာပဲဖြစ်ဖြစ် လက်ရှိသိတာထက် ပိုသိချင်လို့ပဲဖြစ်ဖြစ် အောက်မှာ ဖတ်လို့ကောင်းတဲ့ JavaScript Ebook လေးတစ်ခု share ထားပါတယ်။

အခု Post နဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ JavaScript မှာ ရှိတဲ့ String အသုံးပြုပုံလေးပါ။

အသုံးပြုပုံက ရိုးရှင်းပေမယ့် ဆရာကျကျ သုံးနည်းလေးတွေ သိအောင် နည်းနည်းလင်းပါမယ်။


What is String?

String ဆိုတာကတော့ ပုံမှန်သိနေကျအတိုင်း Sequence of characters တွေပါပဲ။ Character တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ Characters တွေပါဝင်တဲ့အတွက်ကြောင့် သူ့မှာ Letters, Numbers နဲ့ Symbols တွေ အားလုံးပါဝင်နိုင်ပါတယ်။

JavaScript မှာ ရှိတဲ့ String type က Primitive data type အမျိုးစားပဲဖြစ်ပါတယ်။ ဒါကတော့ Java Programming မှာရှိတဲ့ String type နဲ့ မတူတဲ့အချက်ပါ (Java မှာရှိတဲ့ String က Object အမျိုးစားဖြစ်ပါတယ်) Language ၂ ခုလုံးမှာ တူတဲ့အချက်ကတော့ immutable ဖြစ်တာပဲဖြစ်ပါတယ်။

Read String in Java

Creating and Showing Output of Strings

String တစ်ခုရဖို့အတွက် JavaScript မှာ Single quote (' ') နဲ့

Double quote **(" ")**ကို အသုံးပြုလို့ရပါတယ်။

<script>
    let str1 = 'String with single quote.';
    let str2 = "String with double quote.";
    console.log(str1);
    console.log(str2);
</script>

Output:

String with single quote.

String with double quote.

ပုံမှန်အားဖြင့် JS မှာ string ကို Single quote (' ') နဲ့ပဲရေးရေး Double quote (" ") နဲ့ပဲရေးရေး အတူတူပါပဲ။

နည်းနည်း ထူးခြားလေးတွေတော့ ရှိပါတယ်။

let str1 = 'I don\'t like banana.';
let str2 = "I like \"apple\" in the fruits.";

console.log(str1);
console.log(str2);

Output:

I don't like banana.

I like "apple" in the fruits.

အခုလိုမျိုး string တစ်ခုမှာ single quote (' ') နဲ့ double quote (" ") ကို ပါစေချင်တဲ့အခါ ပုံမှန်အတိုင်းရေးလို့မရပဲ backslash (\) ကို ရှေ့ကခံပြီးရေးမှပဲရပါတယ်။

ဒါပေမယ့် အဲ့လိုမျိုး backslash (\) ခံနေရမှာရှုပ်တယ်ထင်ရင် နောက်ထပ်ပုံစံရေးလို့ရပါသေးတယ်။

let str1 = “I don’t like banana.”;
let str2 = ‘I like ”apple” in the fruits.’;

console.log(str1);
console.log(str2);

Output:

I don’t like banana.

I like “apple” in the fruits.

အခုလိုမျိုး string တစ်ခုမှာ value ကို double quote (" ") နဲ့ အဖွင့်ပိတ်လုပ်ပြီး အထဲမှာ single quote (' ') ပါချင်ရင် backslash (\) ခံစရာမလိုပဲ ပေါ်စေချင်တဲ့အတိုင်း ဒဲ့ရေးလို့ရပါပြီ။ Double quote ပါစေချင်ရင်လည်း ပြောင်းပြန်ယူဆပြီး ရေးရင်ရပါပြီ။ ဒီလောက်ဆိုရင်တော့ JavaScript ရဲ့ string တွေမှာ double quote (" ") နဲ့ single quote (' ') တွေပါစေချင်ရင် ရှင်းရှင်းလင်းလင်းရေးလို့ရလောက်ပါပြီ။

ဒါပေမယ့် အခုပြောတဲ့ ၂ ခုစလုံးက ဆရာကျကျရေးတဲ့ နည်းလမ်းတွေတော့မဟုတ်သေးဘူး။ တကယ့်ဆရာကျတဲ့နည်းက backtick (` `) ကိုသုံးပြီးရေးတဲ့နည်းပါ။ ဒါကိုတော့ Template Literal လို့လည်းခေါ်ပါတယ်။

let str1 = `This is regular string.`;
let str2 = `This is ‘string‘ with single quote.`;
let str3 = `This is “string” with double quote`;

console.log(str1);
console.log(str2);
console.log(str3);

Output:

This is regular string.

This is ‘string‘ with single quote.

This is “string” with double quote.

534px-Tilde_key.svg.png

Backtick (` `) ကိုသုံးပြီးရေးမယ်ဆိုရင် အရင်လို (" ") နဲ့ (' ') အတွက် Backslash (\) စဥ်းစားရတာတွေမလိုတော့ပဲ ထည့်ချင်တဲ့နေရာကို တိုက်ရိုက်ရေးလို့ရပါပြီ။ အခုလိုမျိုး String Interpolation တွေအပြင် Variable Interpolation တွေလည်း ရပါသေးတယ်။

let job = "student";
let age = 18;
console.log(`I am a ${job}. I am ${age} years old.`);

Output:

I am a student. I am 18 years old.

အခုလို variable ကို string တွေကြား ထည့်ချင်ရင် ${variable} ပုံစံမျိုးဆို everything is ok ပါပြီ။

(အရင်လို ကလေးဆန်ဆန်ပဲ ရေးချင်ရင်တော့ အောက်ကအတိုင်းရေးနိုင်ပါတယ်)

 console.log("I am a "+ job + ". I am "+ age + " years old.");

Be the smart in JavaScript

introdução-ao-javascript.png

Ebook download JavaScript notes for Professional

More from this blog

Quantum Computer

ယနေ့ခေတ်သုံး Classical Computing နည်းပညာတိုးတက်လာတာနဲ့အမျှ Computer ဆိုတာနေ့စဥ်ဘဝတွင်မပါမဖြစ်တဲ့ အရာတစ်ခုလိုဖြစ်လာပါပြီ။ ယနေ့ခေတ် Classical Computer တွေက ဘယ်လိုအလုပ်တွေကို ဘယ်လောက်မြန်မြန်လုပ်ပေးမှာလဲ။ အခုကျွန်တော်တို့သုံးနေကြတဲ့ Digital Computer တ...

Feb 6, 20233 min read
Quantum Computer

Why UniCode?

ကျွန်တော်တို့ ယူနီကုဒ် ဘာကြောင့် သုံးသင့်တာလဲ အရင်မပြောခင် What is Unicode? ဆိုတာလေး အရင်ပြောပြပါမယ်။ (ယူနီကုဒ်ဘယ်လို ပြောင်းရလဲ ပြောမှာတော့မဟုတ်ဘူး ယူနီကုဒ် နဲ့ ပတ်သတ်တဲ့ Knowledge တွေပဲပြန် share မှာပါ)​ What is Unicode? Unicode ဆိုတာ Internationa...

Feb 6, 20234 min read
Why UniCode?

Why Physics is important for Computer Science?

Computer University တွေမှာ Physics ဘာသာရပ်ကို ဘာကြောင့်သင်ကြားရတာလဲ ပတ်သတ်ပြီး ကွန်ပျူတာကျောင်းသားတချို့မှာ မေးခွန်းတွေရှိနေပါတယ်။ အဲ့ဒီမေးခွန်းရဲ့အဖြေနဲ့ ဘာကြောင့် Physics ကို Information Technology ရဲ့ဘယ်နေရာတွေမှာ အသုံးချလဲဆိုတာ အမြင်လေးနည်းနည်း s...

Feb 6, 20234 min read
Why Physics is important for Computer Science?

Popular Mobile Hybrid Apps

Hybrid application ဆိုတာ ဘာလဲ Hybrid applications တွေအကြောင်းမပြောခင် လက်ရှိလူသိများတဲ့ Front-end application (mobile) အကြောင်းနည်းနည်း ပြောချင်ပါတယ်။ လက်ရှိ application development​ တွေထဲမှာ ရှိတာတွေကတော့ Native app, Web app, Hybrid app ဆိုပြီးတော့...

Feb 6, 20237 min read
Popular Mobile Hybrid Apps

String in Java

String ဆိုတာ character ‌‌‌တွေအတွဲလိုက် စုဝေးထားတဲ့ Object အမျိုးအစားတစ်ခုပါ။ Java မှာရှိတဲ့ String ဟာ int, float, char နဲ့ boolean ‌‌တွေလို Primitive type မျိုး မဟုတ်ပါဘူး။ အခြေခံအားဖြင့် char array တစ်ခုက String တစ်ခုရဲ့ အလုပ်လုပ်ပုံနဲ့တူပါတယ်။ Str...

Feb 6, 20232 min read
String in Java

Phyo Wai Nyunt's blog

7 posts